Tuesday, April 24, 2012
ဒီနေ.
မျက်စိမှိတ်ထားသော်ငြား..သူအရိပ်ထင်နေတာ....နှလုံးသားကိုနားဆင်ငြား...
စကားတွေပြောနေလိုက်တာ....သူဘယ်ကိုသွားကိုယ့်အနားရှိနေသည်မှာ..
ဘာကြောင့်များလဲသိလားအချစ်ရာ....xxxxx
စန္ဒရားလှထွတ်ရဲ.သီချင်းလေးသွားသတိရမိနေတယ်.....သူအရိပ်ကဒီနေ.တစ်နေကုန်ဘာလို.လွမ်းမိုး
နေတာလဲ..ဆိုတာစဉ်းစားလို.မရဘူး...သူအရိပ်..သူအသံ...သူနှုတ်ခမ်းလေးတွေက.......ငါကို
တစ်ချိန်လုံးစိုးမိုးထားတယ်..ဒီနေ.ဘာလုပ်လုပ်သူ့ ကိုဘဲသတိရနေတယ်..ဖြစ်နိုင်ရင်....
ဘုရားသူခင်..ကျွန်တော့်ကိုမေ့ဆေးလေးတစ်ခွက်လောက်တော့ပေးသနားပါ...အဲ! တစ်ခုတော့
ရှိတယ်..အဲ့ဒီမေ့ဆေးက..သူကိုခဏတာဘဲမေ့တဲ့မေ့ဆေးဖြစ်ပါစေ.......
                                                                                                         စိုင်းတော်ဝင်....
Sunday, April 22, 2012
နေရာတစ်ခု...
ယောက်ကျားတွေကိုချစ်တက်တဲ့ငါအတွက်..နေရာတစ်ခုတောင်မပေးနိုင်ကြတော့ဘူးလား...
ယောက်ကျားတွေကိုချစ်တက်တာကလွဲလို.တခြားသောလူမှုရေးပြစ်မှုတွေကိုတစ်ခု
တစ်လေမှငါဖေါက်ပြန်ခဲ့ခြင်းမရှိခဲ့ဘူး..ဒါဆိုဘာလို.ငါ့ကိုအပြစ်ရှိတယ်လို.၀ိုင်းပြီးသမုတ်ကြတာလဲ....
.လောကမှာအမှန်တရားနဲ.နားလည်မှုတွေဘယ်ရောက်ကုန်တာလဲ....
မျက်ရည်လွယ်လွယ်မကျတက်
ပေမယ့်မျက်ရည်တွေကခေါင်းလျှော်တဲ့အခါအကုန်ပါသွားပြီ...လေ....။...
.ဖြစ်နိုင်ရင်....ငါ့အတွက်နားလည်မှုနေရာလေးတစ်ခုလောက်
တော့ငါလိုချင်မိနေတယ်......
                                                                             စိုင်းတော်ဝင်(ကန်ရာသီ)
Thursday, April 19, 2012
HIVနဲ့ ကျန်းမာအောင်နေနည်း ၃၀
Rebecca Denison ဟာ WORLD (Women Organized to Life threatening Disease www.womenhiv.org) ကို စတင်တည်ထောင် ဖွဲ့စည်းခဲ့သူဖြစ်သလို WORLD ရဲ့သတင်းစာစောင်များ ထုတ်ဝေရေးမှာ အယ်ဒီတာလည်းဖြစ်ပါတယ်။ သူမဟာ HIV နဲ့ အတူတကွ နေထိုင်လာသည်မှာ နှစ် ၂ဝ တိုင်ခဲ့ပြီး ၇ နှစ်အရွယ် အမြွှာသမီးကလေးတွေရဲ့ စံပြမိခင်လည်းဖြစ်ပါတယ်။ သူမဟာ ဘဝတူတွေအတွက် အဖိုးနည်း ကုန်ကျသက်သာစွာနဲ့ မိမိကိုယ်ကို ပြုစုစောင့်ရှောက်နည်း အချက် ၃ဝ ကိုရေးသားထားပါတယ်။ တချို့အချက်တွေက HIV မရှိသူတွေအတွက်ပါ အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်
(၁) အသက်ရှူပါ (Breathe)
သင့်စိတ်ထဲမှာ မွန်းကျပ်လာတဲ့အခါ (သို့) စိုးရိမ်ပူပန်မူတွေများနေတဲ့အခါမှာ လုပ်လက်စ အလုပ်တွေ ရပ်လိုက်ပြီး အသက်ပြင်းပြင်းရှည်ရှည် ၃ ကြိမ်ခန့် ရှူသွင်းပြီး ဖြည်းဖြည်းချင်းထုတ်ပါ။ ဒါဟာ ဘယ်လောက်တောင် ကိုယ့်ကို ငြိမ်သက်သွားစေတယ်ဆိုတာ တွေ့ရမှာပါ။
(၂) သေမိန့်ကျထားသူလို့ မခံယူပါနဲ့ (Refuse to be a victim)
မတတ်နိုင်သည့်အရာများကို မျက်ကွယ်ပြုထားပြီး တတ်နိုင်သည့်အရာများကို စိတ်ရောကိုယ်ပါ နှစ်မြုပ်၍လုပ်ဆောင်ပါ။ AIDS နဲ့သေမည်လို့ မတွေးထားပါနဲ့။ HIV နဲ့အတူနေထိုင်မည်လို့သာ တွေးထားပါ။ “I have HIV” လို့ပြောပါ။ “I am HIV” မဟုတ်။ အကူညီပေးနိုင်သော နေရာများကို ဆက်သွယ်ပါ။ စိတ်ပျက်အားငယ်စရာ မလိုပါ။
(၃) အမေ့စကားကို နားထောင်ပါ (Listen to your mother)
ပုံမှန်အိပ်စက်တာအပြင် လိုအပ်ရင် လိုအပ်သလို များများအိပ်ပေးပါ။ အိပ်မပျော်ရင် သီချင်း ဒါမှမဟုတ် တရားခွေ နားထောင်ပါ။ အဟာရ ဖြစ်စေမယ့်အစာအကုန်စားပါ။ Multivitamin နေ့ စဉ်သောက်ပြီး လေကောင်းလေသန့်ရှူပါ။
(၄) မိမိနှင့်ဘဝတူ အခြားအမျိုးသမီးများနှင့် စကားပြောရန် အဖိုးအခပေးစရာမလိုသော ဖုန်းလိုင်းများကို အသုံးပြုပါ။ (Call a toll free hotline)
နိုင်ငံအတွင်းရှိ အဖွဲ့အစည်းများနှင့် လိုင်းခွဲနံပါတ်များကို ဖော်ပြထားသည်။
(၅) ကိုယ်လက်လှုပ်ရှားမှုပြုပါ (Exercise)
ဒါဟာ ခန္ဓာကိုယ်အတွက် ကောင်းမွန်ရုံတင်မဟုတ်ဘူး စိတ်ဖိစီးမှုတွေကိုပါ ပြေပျောက်စေတယ်။ ဘယ်လေ့ကျင့်ခန်းလုပ်ရမလဲလို့ ဇဝေဇဝါ ဖြစ်မနေပါနဲ့။ မိမိနှစ်သက်ရာက အသင့်လျှော်ဆုံးပါ။ တတ်နိုင်ရင် ဝါသနာတူသူငယ်ချင်းများနှင့် အတူလုပ်ပါ။ လမ်းလျှောက်တာကလည်း မရိုးနိုင်တဲ့နည်းပါပဲ။ ထိုက်ချိ၊ ယောဂ သင်တန်းတွေလည်း သွားတက်လို့ရသေးတယ်။
(၆) သင့်ကိုယ်သင် ချုပ်တည်းမထားပါနှင့် အကူညီတောင်းခံပါ (Express yourself: ask for support)
သူငယ်ချင်းများနဲ့ စကားပြောပါ။ အမေနဲ့ပွေ့ဖက်ပြီးနေပါဦးလား။ ကလေးပုခက်လွှဲပြီး သီချင်းဆိုပါ။ အစ်မနဲ့အတူ ငိုချလို့လည်းရတယ်။ အချစ်ဆုံးသူနဲ့ ခံစားချက်တွေ ရင်ဖွင့်လိုက်စမ်းပါ။ ပြီးတော့ နှစ်သိမ့်ဆွေးနွေးပေးသူ၊ ကုသပေးသူနဲ့ သင်အုပ်ဆရာတော်တွေဆီကလည်း အကူအညီတွေ ရနိုင်သေးတယ်ဆိုတာ မမေ့ပါနဲ့။
(၇) ကိုယ့်ရဲ့စိတ်အခံဓာတ်လေးကို ကျေကျေနပ်နပ်ကြီး လက်ခံလိုက်ပါ (Embrace your own spirituality)
ဒါလေးက လူအမျိုးမျိုးမှာ ကွဲပြားတတ်တယ်လေ။ တချို့ကသဘာဝတရားကြီးကို မြတ်နိုးတယ်။ တချို့ကတရားထိုင်။ ဒါမှမဟုတ် သီချင်းဆို။ တချို့ကလည်း ဘုရားကျောင်းတွေမှာပျော်တယ်။ အခုဆို ဘာသာရေး အဖွဲ့အစည်းတွေက HIV ရှိသူနဲ့ မိသားစုတွေကို ထောက်ပံ့ဖို့လုပ်နေကြပါပြီ။ ဘုရားသခင်အပေါ် စိတ်တိုမိတယ်ဆိုရင် ဝန်ခံလိုက်ပါ၊ ဒါဟာ အမှားပဲလို့။ HIV ဟာဗိုင်းရပ်စ်ပါ။ အပြစ်ပေးမှုမဟုတ်သေးပါဘူး။ သင်နဲ့သင့်ရဲ့ရောဂါကို ဝေဖန်နှိမ့်ချသူတွေနဲ့ အချိန်ပေး အဖက်လုပ်နေစရာမလိုပါဘူး။
(၈) ဓာတ်ခွဲခန်းက အဖြေတွေကို ကော်ပီ ကူးထားပါ (Ask for copies of your labs)
ဘာတွေရေးထားပြီး ဘာကိုဆိုလိုတယ်ဆိုတာ မေးမြန်းသင်ယူပါ။
(၉) အကောင်းမြင်စိတ်နဲ့တွေးပါ၊ ဆောင်ရွက်ပါ (Thick and act positively)
ရိုးသားတဲ့လူ၊ ယုံကြည်ရတဲ့သူ၊ အကူညီပေးနိုင်တဲ့သူတွေကို ရှာဖွေပေါင်းသင်းပါ။ ကိုယ့်ကို လက်မခံတဲ့လူ (သို့) ကိုယ့်ကို စိတ်ဓာတ်ညစ်ညူးစေတဲ့လူတွေနဲ့ ယာယီ(သို့) အမြဲတမ်း အဝေးမှာနေဖို့ ကိုယ့်ကိုယ်ကို ခွင့်ပြုလိုက်ပါ။ သတင်းစာထဲက နာရေးကြော်ငြာမှာ ကိုယ့်ကိုယ်ဘယ်လိုဂုဏ်ပြုခံချင်သလဲ ရေးချပါ။ ပြီးတော့ အဲဒီလို ပုဂ္ဂိုလ်ဖြစ်အောင် တစ်လှမ်းချင်း ကြိုးစားမယ်။
(၁ဝ) ငိုချင်တဲ့အခါ ငိုချလိုက်ပါ (Cry when you need to)
မျက်ရည်တွေကို ကျပါစေ၊ မတားပါနဲ့။ မျက်ရည်နဲ့အတူ ကောင်းကျိုးမရှိတဲ့ စိတ်ခံစားမှုတွေပါ ပါသွားလိမ့်မယ်။ ဒါဆို အသစ်ရောက်လာမယ့် ခံစားမှုလှလှလေးတွေအတွက် နေရာရှိသွားပြီပေါ့။ ကိုယ်ငိုတဲ့ အခါ ပွေ့ဖက်အားပေးသူရှိခဲ့ရင် လက်ခံလိုက်ပါ။ မျက်ရည်ကနေ HIV မကူးနိုင်ပါဘူး။
(၁၁) ဒေါသတွေကို စနစ်တကျစွန့်ပစ်ပါ (Find safe outlets for your anger)
စိတ်ထဲမှာ မျိုသိပ်မထားနဲ့။ ယုံကြည်တဲ့သူငယ်ချင်းကို ရင်ဖွင့်ပစ်လိုက်ပါ။ ဒါမှမဟုတ် ဘာမှမလုပ်ဘဲ ကိုယ့်ကိုယ်ကို အနားပေးလိုက်ပါ။ စာနဲ့ရေးချလို့လည်း ရတယ်။ ရေးပြီးသိမ်းချင်သိမ်း၊ ပို့ချင်ပို့လိုက်ပါ။
(၁၂) ကိုယ့်ကိုယ်လည်းခွင့်လွှတ်၊ သူများကိုလည်းခွင့်လွှတ် (Forgive yourself and others)
တန်ဖိုးကြီးတဲ့ ခွန်အားတွေကို အလိုမကျမှု ဒေါသတွေ၊ ခါးသီးကောက်ကျစ်မှုတွေ၊ မနာလိုဝန်တိုမှုတွေနဲ့ မကုန်ခန်းပါစေနဲ့။ အတိတ်က အမှားတချို့အတွက် ကိုယ့်ကိုယ်ကို အသာလေး ခွင့်လွှတ်လိုက်ပါ။ HIV အတွက်လည်း ဘာအပြစ်မှ တင်မနေတော့နဲ့။ အရွယ်ရောက်တဲ့လူ အများစုက ဒီလိုပဲ HIV နဲ့ပွတ်ရှောင်သွားတတ်ကြတယ်။ ငါတို့က ကူးစက်ခံရတယ်။ ကျန်တဲ့လူတွေက ကံကောင်းတယ်။
(၁၃) မိမိဆီမှာပဲသိမ်းထားပါ (Accept responsibility)
အလေးအနက်ထားရမှာပါ။ HIV ဟာကိုယ့်ဆီမှာပဲ ရပ်တန့်နေရမှာပါ။ ကွန်ဒုံးသုံးပါ။ ဆေးထိုးအပ် မျှမသုံးပါနဲ့။
(၁၄) ကိုယ်လိုပဲ HIV ပိုးရှိသူတွေနဲ့ စကားပြောပါ (Talk to other HIV+ People)
ကိုယ်ရှေ့ဆက်ဘယ်လိုရင်ဆိုင်ဖြတ်သန်းရမယ်ဆိုတာ သိနေတဲ့လူတွေနဲ့ စကားပြောရတာ စိတ်သက်သာမှုရစေပါတယ်။ သူတို့ဆီကနေ ဘယ်လိုအတွေ့အကြုံတွေရနိုင်သလဲ၊ သူတို့ ဘယ်လိုဖွင့်ပြောမှုတွေ လုပ်ခဲ့ကြတယ်၊ ကုသမှုအတွက် ဆုံးဖြတ်ချက်ချခဲ့ပုံတွေ၊ ဒါမှမဟုတ် သူများကို မကူးစက်အောင် လိင်ဆက်ဆံမှုတွေ ဒါတွေကို သိနိုင်ပါတယ်။ ဘဝတူတွေ ဘယ်မှာရှာတွေ့နိုင်သလဲဆို AIDS အဖွဲ့အစည်းတွေ၊ လူမှုထောက်ပံ့ရေးအဖွဲ့တွေ၊ ပညာရပ်ဆိုင်ရာဆွေးနွေးပွဲတွေ၊ အပန်းဖြေ အနားယူတဲ့စုရပ်တွေ ညီလာခံများနဲ့ ဖုန်းလိုင်းတွေမှာ ဖြစ်ပါတယ်။
(၁၅) သင်ကိုယ်တိုင် HIV အကြောင်းသင်ယူလေ့လာပါ (Educate yourself about HIV)
စာစောင်တွေကို ငွေသွင်းရယူပါ။ မတတ်နိုင်တဲ့လူတွေကို အခမဲ့ပေးဝေတာရှိပါတယ်။ ပညာပေး တွေ့ဆုံဆွေးနွေးပွဲတွေကို တက်ရောက်ပါ။ ကုသမှုဆိုင်ရာ ပံ့ပိုးကူညီမှုတွေအတွက် ဆွေးနွေးပါ။ အင်တာနက်ကို အသုံးပြုပါ။ စာကြည့်တိုက်ကိုသွားပါ။ ကြာပြီဖြစ်တဲ့ သတင်းအချက်အလက်ဟောင်းတွေကို ရှောင်ကြဉ်ပါ။ ကုသမှုဆိုင်ရာ သတင်းအချက်အလက်တွေက အမြဲပြောင်းလဲနေတတ်တယ်။
(၁၆) ကုသမှုပေါင်းစုံကို ဆန်းစစ်ရှာဖွေပါ (Explore complementary therapies)
ဗီတာမင်တွေ၊ တိုင်းရင်းဆေးတွေနဲ့ အပ်စိုက်ကုသမှုတွေဟာ များသောအားဖြင့် ပိုက်ဆံပေးစရာ မလိုပါဘူး။ လူအများစုက ဒါတွေကို ရှာဖွေပြီး ရောဂါလက္ခဏာတွေ သက်သာအောင်ရယ်၊ ဆေးရဲ့ဘေးထွက် ဆိုးကျိုးတွေကို ကုသဖို့ရယ် အသုံးပြုကြပါတယ်။ ဆရာဝန်နဲ့တော့ အရင်တိုင်ပင်ကြည့်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ တချို့ သစ်မြစ်သစ်ဥတွေ၊ အပင်တွေက HIV ကုသဆေးတွေနဲ့ ဓာတ်မတည့်ပါဘူး။
(၁၇) စိတ်တည်ငြိမ်ပျော်ရွင်ဖို့ အနုပညာနဲ့ကုသပါ (Explore art for fun or therapy)
ရွံ့စေးနဲ့အရုပ်ကလေးတွေ ထုလုပ်ပါ။ ကလေးတွေနဲ့အတူ ဆေးရောင်ခြယ်ပါ။ မတတ်သေးတဲ့ အရာတစ်ခုကို လိုလိုချင်ချင် သင်ကြည့်ပါဦး။
(၁၈) ရွှင်မြူးမြူးလေးနေပါဦးလား (Have fun!)
တစ်နေ့ကို အနည်းဆုံး တစ်ကြိမ်တော့ အားရပါးရ ရယ်သင့်တယ်။
(၁၉) မူးယစ်ဆေးနဲ့ အရက်ကိုလျော့ပါ (Reduce use of drugs and alcohol)
သင်ကိုယ်တိုင် ဒါမှမဟုတ် သင့်မိတ်ဆွေတစ်ယောက်ဟာ ဒါတွေကို သုံးစွဲနေပြီး ဖြတ်ချင်တယ်ဆိုရင် AA (Alcohol Anonymous) နဲ့ NA (Nacrotics Anonymous) တို့က ကူညီပါလိမ့်မယ်။ မူးယစ်ဆေး သုံးစွဲနေပြီး မဖြတ်နိုင် (သို့) မဖြတ်ချင်ဖြစ်နေရင်တော့ အဖွဲ့စည်းတွေမှာ တစ်ခါသုံးအပ်များ တောင်းခံပါ။
(၂ဝ) မိမိကိုယ်ကို ချစ်ပါ (Pampker yourself)
အမွေးနံ့သာနဲ့ရေပူရေနွေးလေးချိုးပြီး သီချင်းငြိမ့်ငြိမ့်လေးနားထောင်ပါ။ ခြေသည်းလက်သည်းတွေလှီးဖြတ်။ သက်တောင့်သက်သာဖြစ်မည့် ဝတ်စုံလေးဝတ်၊ သူငယ်ချင်းတစ်ယောက်ကို ဖိတ်ခေါ်ပြီး ပြောင်း ဖူးပေါက်ပေါက်ကို အတူစားပြီး ဇာတ်ကားကောင်းလေးတစ်ကားလောက်ကြည့်ပါ။
(၂၁) နေ့စဉ်မှတ်တမ်းရေးပါ (Journal writing)
စိတ်ခံစားမှုတွေနဲ့ သင်ယူမှုတွေကို ရေးချပါ။ သဒ္ဒါနဲ့ စာလုံးပေါင်းအတွက် စိတ်မပူပါနဲ့။ ဒါ ကိုယ်တစ်ယောက်တည်းအတွက်လေ…။
(၂၂) သဘာဝတရားကို ချစ်မြတ်နိုးပါ (Appreciate nature)
ခြေလှမ်းတွေ ရပ်လိုက်ပြီး လေထဲကနှင်းဆီရနံ့ကို ရှာဖွေပါဦး။ နေဝင်ရှူခင်းကိုလည်း မလွတ်စေနဲ့။
(၂၃) ဘုရားဝတ်ပြု၊ တရားထိုင် (သို့) စိတ်ကိုမြင်အောင်ကြည့် (Pray, meditate or visualize)
တရားတိပ်ခွေငှား (သို့) ဝယ်ပြီး တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာ အချိန်ဖြူန်းပါ။ တက်ကြွစွာ လတ်ဆတ်တဲ့ ပုံရိပ်တွေ သတင်းအချက်အလက်တွေနဲ့ စိတ်ကိုဖြည့်တင်းပေးပါ။
(၂၄) အိမ်မွေးတိရိစ္ဆာန်များနှင့် ပျော်ရွင်စွာဆော့ကစားပါ (Enjoy the company of a pet)
အိမ်မွေးတိရိစ္ဆာန်တွေဟာ အကောင်းဆုံး အဖော်မွန်တွေဖြစ်ပါတယ်။ သူတို့ရဲ့ အသုံးဆောင်ပစ္စည်းတွေ လဲလှယ်ပေးတဲ့အခါမှာတော့ နှာခေါင်းစွပ်နဲ့ လက်အိတ်တို့ လိုကောင်းလိုပါမယ်။ ဒါမှမဟုတ် တခြားလူတွေကို အကူညီတောင်းပါ။
(၂၅) အနှိပ်ခံခြင်း ( Massage)
လိင်စိတ်နှိုးကြွစေခြင်းမဟုတ်တဲ့ ထိတွေ့မှုများဟာ သင့်ခန္ဓာကိုယ်ကို သက်တောင့်သက်သာဖြစ်အောင် အများကြီး အထောက်အကူဖြစ်ပါတယ်။ မိတ်ဆွေသူငယ်ချင်းနဲ့ အပြန်အလှန်နှိပ်ပေးလို့လည်း ရပါတယ်။ တချို့ အဖွဲ့အစည်းတွေကတော့ အခမဲ့နှိပ်ပေးပါတယ်။
(၂၆) AIDS အဖွဲ့အစည်းတွေအကြောင်း လေ့လာပါ (Check out an AIDS organization)
လိုအပ်တဲ့ အကူညီကိုတောင်းခံပါ။ သူတို့ဘာဝန်ဆောင်မှုတွေ အခမဲ့ပေးနေသလဲဆိုတာ ရှာဖွေပါ။ ဥပမာ အပန်းဖြေနားခိုရာ၊ ပညာပေးခြင်း၊ ကလေးများပြုစုစောင့်ရှောက်ခြင်း၊ နှစ်သိမ့်ဆွေးနွေးပညာပေးခြင်း (သို့) ပန်းချီဆွဲသင်တန်းများ။
(၂၇) တစ်ရက်ချင်းအသက်ရှင်ပါ (Take life one day at a time)
ဆောင်ရွက်စရာကိစ္စရပ်တွေကို မိမိစွမ်းဆောင်နိုင်သလောက် ပိုင်းခြားပြီး လုပ်ဆောင်ပါ။ လိုအပ်မယ်ဆိုရင် မိမိဘဝဟာ တစ်ကြိမ်မှာ တစ်နာရီပဲဆိုပြီး သဘောထားပါ။ တစ်ပတ်တာကို ဘယ်လိုရင်ဆိုင် ကျော်ဖြတ် သွားမယ်ဆိုတာ သိစရာမလိုဘူးလို့ မိမိကိုယ်ကို ပြန်ပြောပါ။ ဆရာဝန်နဲ့ ပထမဆုံးတွေ့ဆုံဖို့ရာ အားအင်မွေးထားဖို့ပဲလိုတယ်။
(၂၈) အန္တရယ်ဖြစ်စေမည့် အစာများကို ရှောင်ပါ (Eat safely)
အသား၊ ငါးနဲ့ ဥတွေကို အစိမ်းစားခြင်း (သို့) မကျက်တကျက်စားခြင်းတို့မှ ရှောင်ပါ။ ရေခဲသေတ္တာထဲ သိမ်းဆည်းရမယ့် အစားအသောက်တွေကို အပြင်မှာမထားပါနဲ့။ ရက်လွန်မကောင်းတော့တဲ့ အစားအစာတွေ မစားမိပါစေနဲ့။ သံသယရှိရင် လွှင့်ပစ်ပါ။
(၂၉) တက်ကြွစွာ ပါဝင်လှုပ်ရှားပါ (Get involved)
ကလေးတွေကို AIDS ပညာပေး ဟောပြောသူအဖွဲ့တွေကို ဆက်သွယ်ပါ။ AIDS အဖွဲ့အစည်းတွေမှာ စေတနာ့ဝန်ထမ်း (Volunteer) အဖြစ် လုပ်အားပေးပါ။ AIDS တိုက်ဖျက်သူအဖြစ် ခံယူပါ။ လူတိုင်းဟာ HIV/AIDS တိုက်ဖျက်ရေးမှာ တစ်နိုင်တစ်ပိုင် ပါဝင်ခွင့်ရှိပါတယ်။
(၃ဝ) နောက်ဆုံးမမေ့ဖို့က (Remember that….)
မင်းတစ်ယောက်တည်း မဟုတ်ပါဘူး။
မြင့်မြတ်နိုင်
Ref: The Positive Side (CATIE)
Volume 6, Issue 2.
Taking care of yourself by Rebecca Denison
၂ဝဝ၇၊ မတ်လ၊ ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း
Saturday, December 10, 2011
မနက်ဖြန်အတွက် သမိုင်းများ
သမိုင်းဆိုတာသေသေချာချာဆန်းစစ်လေ့လာကြည်.လျှင် အင်မတန်မှစိတ်ဝင်စားစရာ ကောင်းတယ်လို့ ဆိုကြတယ်။ ဒီစကားကမှန်တယ်လို.လည်းမဆိုနိုင်သလို မှားတယ်လို.လဲမငြင်းနိုင်ပါဘူး။
ဘာကြောင်.လဲဆိုတော.သမိုင်းထဲကဖြစ်ရပ်တွေဟာ ပြန်လည်လေ့လာသူအတွက် စိတ်ဝင်စားမှုဖြစ်နိုင်စေသလို စက်ဆုတ်မှု စိတ်အားတက်ကြွမှု ၀မ်းနည်းကြေကွဲမှု ပျော်ရွှင်မှုစသည်ဖြင်.စိတ်ခံစားမှုနဲ.နွယ်လေ့ရှိပါတယ်။ သမိုင်းဆိုတာကိုအရင်ပြောချင်တာက သမိုင်းဆိုတာစာအုပ်ထဲမှာ သမိုင်းလို.အမည်တပ်မှသမိုင်းလို.ခေါ်တာမဟုတ်ပါဘူး။ လူတိုင်းမှာသမိုင်းရှိပါတယ်ဆိုလိုတာကအနော်ရထာဘုရင်အကြောင်းကျန်စစ်သားမင်းအကြောင်းတွေကိုမှသမိုင်းလိုခေါ်
တာမဟုတ်ပါဘူး။ကျွန်တော်တို.မှာလည်းသမိုင်းရှိပါတယ်ကျွန်တော်တို.ရဲ.အတိတ်ကဖြစ်ရပ်တွေဟာသမိုင်းတွေ
ဘဲမဟုတ်လားဗျ။
လူတစ်ချို.ပြောတဲ.စကားလေးတစ်ခုရှိတယ်“ငါတို့  ရဲ.အတိတ်တွေကိုဖျက်စီးချင်တယ်ကွာ”တဲ.။
ဒီနေရာမှာသူတို.ပြောတဲ့ အတိတ်ဆိုတာကသမိုင်းဘဲမဟုတ်ဘူးလား။ တကယ်တော.သမိုင်းဆိုတာမေ့ပစ်လို.ရပေမယ်. ဖျောက်ဖျက်ပစ်လို.တော.မရပါဘူး။ ဂဠုန်ဦးစောမိသားစုဟာ
ဦးစောရဲ.သမိုင်းကိုကျန်စေလိုမှာတော.မဟုတ်လောက်ပါဘူး။ ဒါပေမယ်.လူတိုင်းကဦးစောကိုမုန်းတီးကြပါတယ်
ဦးစောရဲ.မလှပတဲ.သမိုင်းကိုဖတ်ပြီးနှာခေါင်းရှုံကြပါတယ်။ တစ်ဖန်ဗိုလ်ချုပ်အောင်ဆန်းကိုကြတော. လေစားကြတယ် ကြည်ညိုကြတယ် နောက်ဆုံးလုပ်ကြံခံရတဲ.အတွက်သနားကြတယ် နှမြောကြတယ် ဒါတွေဟာ ဘာကိုပြသလဲဆိုတော. ယခင်ကဖြစ်ရပ်(သမိုင်း)တွေရဲ. သက်ရောက်မှုဟာ အလွန်အရေးပါတယ်ဆိုတာကိုပြတာပါဘဲ။
ဒါ.အပြင်လူတိုင်းလူတိုင်းမှာလည်းကောင်းခဲ.တဲ.သမိုင်းရှိသလိုဆိုရွားခဲ.တဲ.သမိုင်းတွေလည်းရှိခဲ.တယ်။ ဒါတွေကို တမ်းတပြီးနောင်တရဖို. မိန်းမောနေဖို. ဆိုတာထက် ကောင်းခဲ.တဲ.သမိုင်းရှိရင် အဲ.ဒီကောင်းခဲ.တဲ.သမိုင်းကို မပျောက်မပျက်အောင် ထိန်းသိမ်းသင်.တယ် ။ အကယ်လို.ဆိုရွားခဲ.တဲ. သမိုင်းရှိခဲ.ရင်လည်း ဒီလိုဆိုးရွားတဲ.သမိုင်းမျိုးကို    ကျေဖျက်ဖို.  ကောင်းတဲ.အလုပ်တွေကိုလုပ်ရင်းကျန်ရှိနေတဲ. သမိုင်းစာမျက်နှာတွေကို လှပအောင်ခြယ်သသင်.တယ်။ ဒါမှသာလှပတဲ.သမိုင်းစာမျက်နှာတွေဖြစ်လာတော.မှာပေါ.။ ဒီကနေ.ဖြစ်ရပ်ဟာမနက်ဖြန်အတွက်သမိုင်းဘဲ
ဒီလိုဘဲမနေ.ကဖြစ်ရပ်ဟာ ဒီနေ.အတွက်သမိုင်းတွေဘဲ။ ဒါကြောင်.ကျွန်တော်တို.တတွေဟာ ကျွန်တော်တို.ရဲ.
ကျန်ရှိနေတဲ့သမိုင်းစာမျက်နှာတွေကို လှပအောင်ခြယ်သသင်.တယ်။ ဒါမှသာနောင်တစ်ချိန်ကျွန်တော်တို.မရှိတဲ. နောင်လာနောင်သားတွေဟာကျွန်တော်တို.ရဲ.သမိုင်တွေကိုကြည်.ပြီး စံနမူနာယူစေရမယ်။ သမိုင်းစာရွက်တွေ ပေါ်မှာမ၀င်ခဲ.ရင်တောင် ကျွန်တော်တို.ရဲ.ပတ်ဝန်းကျင်မှာတော. ကျွန်တော်တို.ရဲ.လှပတဲ.သမိုင်းတွေကို သူတို.ပါးစပ်ဖျားမှာ တဖွဖွပြောနေစေခဲ.ရမယ်ဗျာ။ ကဲ! ဒီတော.မနက်ဖန်အတွက် သမိုင်းဖြစ်မယ် ဒီနေ.မှာ လှပတဲ.လုပ်ရပ်လေးတွေနဲ့  ကိုယ်ရဲ. သမိုင်းစာမျက်နှာကိုခြယ်သရအောင်ဗျာ။
                                                                                                 စိုင်းတော်ဝင်(ကန်ရာသီ)
Tuesday, November 29, 2011
ရွှေဝါရောင် အလွမ်း
      သံဃာ့ဂုဏော အနန္တောဟု
      ရှင်တော်မြတ်ဘုရား ဟောတော်မူသည်။
      သံဃာဟူသည် ကိုးကွယ်ရာဟု
      နည်းလမ်းပြသဆုံးမခဲ.သည်။
      နှစ်ပေါင်းအလီလီ ကြာမြင်.လေသော်
      ဤသည်.စကားအားပယ်ရှားဝံ့သူ
      သတ္တိပြောင်မြောက် ငရဲမကြောက်သည်.
      လူသူတစ်စု ပေါ်ထွန်းလေပြီ
      သံဃာဂုဏော အနန္တောအစား
      အာဏာဂုဏောအနန္တောဟု
      အာဏာကိုးကွယ် သံဃာပယ်သည်.
      စစ်မိစ္ဆာရှင် အာဏာဘီလူး
      ထိုလူရူးများ မိုက်မဲစွာဖြင်.
      သံဃာအပေါင်းအား နှိပ်စက်သတ်ဖြတ်
      ညှင်းဆဲပြီးကာ ထောင်ကျောင်းတော်သို.
      ပြောင်းရွေ့ခဲ.သည်။
      ရက်စက်ယုတ်မာထိုမိစ္ဆာတို.
      ညှင်းဆဲမှုကိုအံ့တုခံကာ
      တိုင်းပြည်အကျိုး သယ်ပိုးကြသည့်
      ထိုထိုပုဂ္ဂိုလ်သံဃာတို.အား
      သံဃာတော်တို. လွတ်မြောက်ပါစေ။
Thursday, November 24, 2011
If
If you can keep your head when all about you
Are losing theirs and blaming it on you;
If you can trust yourself when all men doubt you,
But make allowance for their doubting too:
If you can wait and not be tired by waiting,
Or being lied about, don't deal in lies,
Or being hated, don't give way to hating,
And yet don't look too good, nor talk too wise;
If you can dream-and not make dreams your master;
If you can think-and not make thoughts your aim,
If you can meet with Triumph and Disaster
And treat those two impostors just the same:
If you can bear to hear the truth you've spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to, broken,
And stoop and build 'em with worn-out tools;
If you can make one heap of all your winnings
And risk it on one turn of pitch-and –toss,
And lose, and start again at you beginnings
And never breathe a word about your loss,
If you can force your heart and nerve and sinew
To serve you turn long after they are gone,
And so hold on when there is nothing in you
Except the Will which say to them "Hold on!"
If you can talk with crowds and keep your virtue,
Or walk with kings-nor lose the common touch,
If neither foes nor loving friends can hurt you,
If all men count with you, but none too much:
If you can fill the unforgiving minute
With sixty seconds' worth of distance run,
Yours is the Earth and everything that's in it,
And-which is more-you'll be a Man, my son!
                                       (Rudyard Kipling)
Monday, November 14, 2011
စိုင်းဦးမှာလား
ဒီကဗျာလေးက ဆရာဇော်ဂျီရဲ. ဗေဒါလမ်းကဗျာစာအုပ်မှကောက်နှုတ်ထားခြင်းဖြစ်ပါတယ် ဗေဒါလမ်းကဗျာလေးတွေ
အားလုံးဟာ အလှသက်သက်မဟုတ်ဘဲ လောကဒဏ်ကိုခံနိုင်ဖို.အတွက်အားဆေးလေးတွေလို.လည်းပြောချင်ပါတယ်
ဒါကြောင်.ဒီကဗျာလေးကိုလည်းခံစားကြည်.ပေါ.ဗျာ....
စိုင်းဦးမှာလား
ပင်လယ်ဝဆီက၊ဒီတက်စလှိုင်းဘောင်ဘင်။
မဗေဒါတစ်ဟုန်တိုး၊ချောင်းရိုးကိုဝင်၊၊
မိုးမမြင်လေမမြင်၊ပန်းဆင်ချင်လေတိုင်း။
ရေထဦးပေမို.
စိတ်ကူးယဉ် ယဉ်လေတိုင်း၊ ပန်းထင်ရာစိုင်း။
အထက်ချောင်းကျတော.
ဒီညောင်းစချောင်းရေသာ။
မဗေဒါကိုယ်ရှိန်သတ်၊လှမ်းတက်နိုင်ပါ။
စိုင်းခဲ.တဲ.ခရီးတာမှာ၊ သာနာစုံပုံခဲ.။
ရေသင်ဖြူးပေမို.
ပွင်.ဖူးစငုံတံနဲ.၊ ပန်းမူရာနွဲ.။
ပန်းအလှမဗေဒါတဲ.၊၊
ကျူရိုးရှင်ပီပီကလေး၊ တေးသံကသာ။
ပင်လယ်ဝဆီက၊
ဒီရေကျ ခွန်းစလာ၊လွမ်းစရာပါတကား။
မိုးမမြင်လေမမြင်နဲ.
ထီမထင်စုန်ချင်တိုင်း၊စိုင်းဦးမှာလား။       ။
ဆရာဇော်ဂျီ(တက္ကသိုလ် အိုးဝေမဂ္ဂဇင်း ၁၉၆၀)