Monday, November 14, 2011

စိုင်းဦးမှာလား

ဒီကဗျာလေးက ဆရာဇော်ဂျီရဲ. ဗေဒါလမ်းကဗျာစာအုပ်မှကောက်နှုတ်ထားခြင်းဖြစ်ပါတယ် ဗေဒါလမ်းကဗျာလေးတွေ
အားလုံးဟာ အလှသက်သက်မဟုတ်ဘဲ လောကဒဏ်ကိုခံနိုင်ဖို.အတွက်အားဆေးလေးတွေလို.လည်းပြောချင်ပါတယ်
ဒါကြောင်.ဒီကဗျာလေးကိုလည်းခံစားကြည်.ပေါ.ဗျာ....

စိုင်းဦးမှာလား
ပင်လယ်ဝဆီက၊ဒီတက်စလှိုင်းဘောင်ဘင်။
မဗေဒါတစ်ဟုန်တိုး၊ချောင်းရိုးကိုဝင်၊၊
မိုးမမြင်လေမမြင်၊ပန်းဆင်ချင်လေတိုင်း။
ရေထဦးပေမို.
စိတ်ကူးယဉ် ယဉ်လေတိုင်း၊ ပန်းထင်ရာစိုင်း။
အထက်ချောင်းကျတော.
ဒီညောင်းစချောင်းရေသာ။
မဗေဒါကိုယ်ရှိန်သတ်၊လှမ်းတက်နိုင်ပါ။
စိုင်းခဲ.တဲ.ခရီးတာမှာ၊ သာနာစုံပုံခဲ.။
ရေသင်ဖြူးပေမို.
ပွင်.ဖူးစငုံတံနဲ.၊ ပန်းမူရာနွဲ.။
ပန်းအလှမဗေဒါတဲ.၊၊
ကျူရိုးရှင်ပီပီကလေး၊ တေးသံကသာ။
ပင်လယ်ဝဆီက၊
ဒီရေကျ ခွန်းစလာ၊လွမ်းစရာပါတကား။
မိုးမမြင်လေမမြင်နဲ.
ထီမထင်စုန်ချင်တိုင်း၊စိုင်းဦးမှာလား။       ။
ဆရာဇော်ဂျီ(တက္ကသိုလ် အိုးဝေမဂ္ဂဇင်း ၁၉၆၀)

No comments:

Post a Comment