သံဃာ့ဂုဏော အနန္တောဟု
ရှင်တော်မြတ်ဘုရား ဟောတော်မူသည်။
သံဃာဟူသည် ကိုးကွယ်ရာဟု
နည်းလမ်းပြသဆုံးမခဲ.သည်။
နှစ်ပေါင်းအလီလီ ကြာမြင်.လေသော်
ဤသည်.စကားအားပယ်ရှားဝံ့သူ
သတ္တိပြောင်မြောက် ငရဲမကြောက်သည်.
လူသူတစ်စု ပေါ်ထွန်းလေပြီ
သံဃာဂုဏော အနန္တောအစား
အာဏာဂုဏောအနန္တောဟု
အာဏာကိုးကွယ် သံဃာပယ်သည်.
စစ်မိစ္ဆာရှင် အာဏာဘီလူး
ထိုလူရူးများ မိုက်မဲစွာဖြင်.
သံဃာအပေါင်းအား နှိပ်စက်သတ်ဖြတ်
ညှင်းဆဲပြီးကာ ထောင်ကျောင်းတော်သို.
ပြောင်းရွေ့ခဲ.သည်။
ရက်စက်ယုတ်မာထိုမိစ္ဆာတို.
ညှင်းဆဲမှုကိုအံ့တုခံကာ
တိုင်းပြည်အကျိုး သယ်ပိုးကြသည့်
ထိုထိုပုဂ္ဂိုလ်သံဃာတို.အား
ဝန္ဒေ၀န္ဒာမိ၊ ကျွန်ရှိခိုးသည်
သံဃာတော်တို. လွတ်မြောက်ပါစေ။